Local News

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်တင်ပို့မည့် လုပ်ငန်းရှင်များ တရုတ်နိုင်ငံ GACC ၌ မှတ်ပုံတင်နိုင်ရေးကိစ္စ

Last Updated:

        တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်ပြန်ခဲ့သည့်အမိန့်ကြေညာချက်အမှတ် (၂၄၈)၊ (၂၄၉) တို့အရ ၁.၁.၂၀၂၂ နေ့မှစတင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည်  GACC ၌ မှတ်ပုံတင်ပြီးသည့် လုပ်ငန်းများမှ စားသောက်ကုန်များကိုသာ တရားဝင်တင်သွင်းခွင့်ပြုမည်ဖြစ်ပါသည်။

       သို့ဖြစ်ရာ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်တင်ပို့မည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်များကို ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလအတွင်းအပြီး ဆောင်ရွက်သွားမှသာ ၁.၁.၂၀၂၂ ရက်နေ့နောက်ပိုင်းတွင် အရှိန်အဟုန်မပြတ် ဆက်လက်တင်ပို့ နိုင်မည်ဖြစ်ပါသည်။

       ထိုသို့မှတ်ပုံတင်သည့်လုပ်ငန်းများဆောင်ရွက်ရာတွင် အပိုင်း (၂) ပိုင်းရှိပြီး သက်ဆိုင်ရာ အပိုင်း အလိုက်ခွဲခြားဆောင်ရွက်ရမည်ဖြစ်ပါသည်။ ပထမအပိုင်းမှာ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်လိုအပ်ပြီး အဆိုပါဌာနများမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားရမည့်  ကုန်ပစ္စည်း အမျိုးအစားများဖြစ်ပါသည်။ ဒုတိယအပိုင်းမှာ ထောက်ခံချက်မလိုအပ်ဘဲ  တင်ပို့မည့်လုပ်ငန်းရှင် ကိုယ်တိုင် http://cifer.singlewindow.cn တွင် ကိုယ်တိုင်ဝင်ရောက်လျှောက်ထားရမည့် ကုန်ပစ္စည်း အမျိုးအစားများ ဖြစ်ပါသည်။ အပြည့်အစုံကိုသိရှိနိုင်ရန် download ရယူဖတ်ရှုနိုင်ပါသည်။

Category: Local News